• ထန်တလန်မြို့ ရပ်ကွက် ၅ ခုက အိမ် ၁၆၄ လုံးမီးလောင်
    ဘုရားကျောင်း ၂ ကျောင်း၊ CB ဘဏ်၊ သင်းအုပ်ဆရာတော် ၄ ပါးရဲ့အိမ်တွေပါဝင်။
    #zalen #UpToDate
    post-img
    Comments: 0 Reposts: 0
  • ခင်ဦးမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်သား ၆ ဦး အပြင်းအထန်ဒဏ်ရာရ
    ⛔Z Fighter October 31 ⛔
    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာအနီးမှာ အောက်တိုဘာလ ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို မြင်းဒေါင်းရွာအနီး‌မှာ ခင်ဦး PDF နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲခဲ့တာကြောင့် ၆ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။
    ရွာသစ်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီးတွေဟာ ရွာသစ်ကုန်းနဲ့ မကျီးအုပ်ရွာ ဒလန်တွေ စာရင်းပေးထားတဲ့ အင်းပတ်ရွာက နေအိမ် ၁၅ လုံးနဲ့ ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒီနေ့ညနေပိုင်းအထိ ရွာတွေမှာ ဝင်ရောက်မွှေနှောက်နေတုန်းလို့ ဆိုပါတယ်။[DVB][Z_F]
    #Adm_9
    #z_fighter
    post-img
    Comments: 0 Reposts: 0
  • ​​ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း နေအိမ်အကျယ်ချုပ်မှ ပြနလည််လွတ်မြောက်လာ
    =========
    အောက်တိုဘာ ၃၁ ရက်
    နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော NLD အစိုးရမှ ခန့်အပ်ထားသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဖေမြင့် လွတ်မြောက်ခြင်း ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။
    ဦးအောင်လှထွန်းသည် ဦးနေဝင်း အာဏာသိမ်း အုပ်ချုပ်စဥ်ကတည်းက ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင်း သတင်းစာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့်သတင်းစာဆရာတစ်ဦး ဖြစ်ကြောင်း သိရသည်။
    ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း သတင်းမီဒီယာ ဥပဒေ ရေးဆွဲရေးတွင်ပါဝင်ခဲ့သလို ပထမဆုံး ဖွဲ့စည်းသည့် သတင်းမီဒီယာ ကောင်စီတွင် အတွင်းရေးမှူးအဖြစ်
    post-img
    Comments: 0 Reposts: 0
  • လှိုင်မြို့နယ်ရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
    👉👉👉👉👉👉👉👉👉👉👉👉👉👉
    အောက်တိုဘာ ၃၁
    ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရဲစခန်းကို ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ စီစဉ်မှုနဲ့ 44st-UG အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
    လှိုင်မြို့နယ် ရဲစခန်းကို လက်နက်ကြီးဖြင့် လေးချက်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးချက်မှာ စခန်းတွင်းကျရောက်ပေါက်ကွဲခဲ့ပါတယ်။ တစ်ချက်ကတော့ ကျည်error ကြောင့် မပေါက်ကွဲခဲ့ပါဘူး။
    လက်ရှိအချိန်မှာတော့ ထိခိုက်ပျက်စီးမှု အခြေအနေကို မသိသေးပါဘူး။ ထပ်မံသိရှိရပါက ဆက်လက်ပြီး သတင်းထုတ်ပြန်တင်ပြ ပေးသွားပါမယ်။
    #ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့
    post-img
    Comments: 0 Reposts: 0
  • အကြမ်းဖက်စစ်ကောင်စီမှ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခြင်းနှင့် ပတ်သက်၍ BEWU-SC နှင့် BEGSC တို ပူးတွဲသဘောထားထုတ်ပြန်
    * * * * *
    အကြမ်းဖက်စစ်ကောင်စီသည် အခြေခံပညာ စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းမှုသည် ကျောင်းသား ၊ ကျောင်းသူများ၏ ပညာ ဆက်လက်သင်ကြားခွင့်ကို ဖန်တီးပေးခြင်းထက် ၎င်း၏ နိုင်ငံရေးအကျိုးစီးပွားအတွက် အခြေအနေတစ်ခု ဖန်တီးခြင်းဖြစ်ကြောင်း အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ (BEWU-SC) နှင့် အခြေခံပညာ ပညာရေးဝန်ထမ်းများ အ‌ထွေထွေသပိတ်ကော်မတီ(BEGSC) တိုက ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် တစောင်ကို အောက်တိုဘာလ(၃၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

    အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် စစ်ကောင်စီသည် အခြေခံပညာစာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် ကြိုးပမ်းမှုသည် ၎င်းတို၏ ကျဆင်းနေသော နိုင်ငံရေးသိက္ခာကို ဆယ်ယူရန် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟ
    post-img
    Comments: 0 Reposts: 0
  • စစ်ကောင်စီတပ်များ ဖျက်ဆီးမီးရှိခဲ့သော ပြာပုံမြို ထန်တလန်
    ရန်ကုန်၊ အောက်တိုဘာ ၃၁
    ချင်းပြည်နယ်၊ ထန်တလန်မြိုကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြမ်း ဖက် စစ်ကောင်စီတပ်များက မီးတင်ရှိခဲ့ရာ နေအိမ် ၁၆၄ လုံး၊ ဘုရားရှိခိုးကျောင်း ၂ ခု မီးလောင်ကျွမ်းပြာကျခဲ့သည်။
    ယင်းဖြစ်စဉ်တွင် စစ်တပ်ဘက်ကမူ PDF လက်ချက်ဟု ငြင်းဆိုထားသည်။
    post-img
    Comments: 0 Reposts: 0
  • ချင်းပြည်နယ် ပလက်ဝ တိုက်ပွဲသတင်းထုတ်ပြန်ချက်
    ၃၀.၁၀.၂၀၂၁ နေ့ ညနေဝ၅:၃၀ နာရီတွင် ချင်းပြည်နယ် ပလက်ဝသို့သွားသည့် စစ်ကောင်စီ တပ်မှ ခမရ(၃၀၄) ခြေမြန်တပ်ရင်းမှအင်အား၁၀၀ခန့်ပါဝင်သည့်စစ်ကြောင်းသည် ပလက်ဝသို့အသွား ကားလမ်း ၉ မိုင် ၄ ဖာလုံတွင် ချင်းPDF တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်င်္ပွားခဲ့ပါသည်။ ထိတွေ့မှုတိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ တပ်ခွဲမှုး အဆင့်ဗိုလ်ကြီး ၁ ဦး , အခြားအဆင့် ၄ ဦး စုစုပေါင်း ၅ ဦး ကျဆုံးကာ အခြားအဆင့် ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း သတင်းပေးပို့ ရရှိပါသည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့မှ၂ဦးဒဏ်ရာရရှိပြီး အကျအဆုံးမရှိကြောင်း သိရှိရပါသည်။
    ချင်းပြည်နယ်၊ အောက်တိုဘာ ၃၁။
    MSI
    post-img
    Comments: 0 Reposts: 0
  • BREAKING NEWS
    ကော့မှူးမြို့နယ် မြို့ကုန်းကျေးရွာ ၊ ရှမ်းစုကျေးရွာနဲ့ ထမ္မနိုင်ကျေးရွာက အရပ်သားပြည်သူ(၄)ဦး အကြမ်းဖက် ဖမ်းဆီးခံရ
    KNA| October 31,2021.
    ကော့မှူးမြို့နယ် ၊ မြို့ကုန်းကျေးရွာ ရှိ အရပ်သားပြည်သူ ကိုဖိုးဖြူ ဆိုသူကို ဒီကနေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
    အဲ့ဒီနောက် ရှမ်းစုကျေးရွာက ဦးအောင်စိုးနှင့် သားမက်ကို ထပ်မံဖမ်းဆီးသွားပြီး ထမ္မနိုင်ကျေးရွာက ကိုမျိုးဆိုသူကိုလည်း ဖမ်းဆီးကာ အကြမ်းဖက် ရိုက်နှက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
    အသေးစိတ် သတင်းအချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
    ©️Kawhmu NewsAgency
    post-img
    Comments: 0 Reposts: 0