ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း နေအိမ်အကျယ်ချုပ်မှ ပြနလည််လွတ်မြောက်လာ
=========
အောက်တိုဘာ ၃၁ ရက်
နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော NLD အစိုးရမှ ခန့်အပ်ထားသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဖေမြင့် လွတ်မြောက်ခြင်း ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။
ဦးအောင်လှထွန်းသည် ဦးနေဝင်း အာဏာသိမ်း အုပ်ချုပ်စဥ်ကတည်းက ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင်း သတင်းစာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့်သတင်းစာဆရာတစ်ဦး ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း သတင်းမီဒီယာ ဥပဒေ ရေးဆွဲရေးတွင်ပါဝင်ခဲ့သလို ပထမဆုံး ဖွဲ့စည်းသည့် သတင်းမီဒီယာ ကောင်စီတွင် အတွင်းရေးမှူးအဖြစ်