လှိုင်မြို့နယ်ရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
👉👉👉👉👉👉👉👉👉👉👉👉👉👉
အောက်တိုဘာ ၃၁
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရဲစခန်းကို ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ စီစဉ်မှုနဲ့ 44st-UG အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
လှိုင်မြို့နယ် ရဲစခန်းကို လက်နက်ကြီးဖြင့် လေးချက်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးချက်မှာ စခန်းတွင်းကျရောက်ပေါက်ကွဲခဲ့ပါတယ်။ တစ်ချက်ကတော့ ကျည်error ကြောင့် မပေါက်ကွဲခဲ့ပါဘူး။
လက်ရှိအချိန်မှာတော့ ထိခိုက်ပျက်စီးမှု အခြေအနေကို မသိသေးပါဘူး။ ထပ်မံသိရှိရပါက ဆက်လက်ပြီး သတင်းထုတ်ပြန်တင်ပြ ပေးသွားပါမယ်။
#ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့