We use cookies to analyze our website traffic. By continuing to use the site, you agree to our Terms and Policies

  • ချင်းပြည်နယ် ပလက်ဝ တိုက်ပွဲသတင်းထုတ်ပြန်ချက်
    ၃၀.၁၀.၂၀၂၁ နေ့ ညနေဝ၅:၃၀ နာရီတွင် ချင်းပြည်နယ် ပလက်ဝသို့သွားသည့် စစ်ကောင်စီ တပ်မှ ခမရ(၃၀၄) ခြေမြန်တပ်ရင်းမှအင်အား၁၀၀ခန့်ပါဝင်သည့်စစ်ကြောင်းသည် ပလက်ဝသို့အသွား ကားလမ်း ၉ မိုင် ၄ ဖာလုံတွင် ချင်းPDF တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်င်္ပွားခဲ့ပါသည်။ ထိတွေ့မှုတိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ တပ်ခွဲမှုး အဆင့်ဗိုလ်ကြီး ၁ ဦး , အခြားအဆင့် ၄ ဦး စုစုပေါင်း ၅ ဦး ကျဆုံးကာ အခြားအဆင့် ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း သတင်းပေးပို့ ရရှိပါသည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့မှ၂ဦးဒဏ်ရာရရှိပြီး အကျအဆုံးမရှိကြောင်း သိရှိရပါသည်။
    ချင်းပြည်နယ်၊ အောက်တိုဘာ ၃၁။
    MSI
    post-img
    Comments: 0 Reposts: 0

    Leave a comment can only registered users.