We use cookies to analyze our website traffic. By continuing to use the site, you agree to our Terms and Policies

  • ခင်ဦးမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်သား ၆ ဦး အပြင်းအထန်ဒဏ်ရာရ
    ⛔Z Fighter October 31 ⛔
    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာအနီးမှာ အောက်တိုဘာလ ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို မြင်းဒေါင်းရွာအနီး‌မှာ ခင်ဦး PDF နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲခဲ့တာကြောင့် ၆ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။
    ရွာသစ်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီးတွေဟာ ရွာသစ်ကုန်းနဲ့ မကျီးအုပ်ရွာ ဒလန်တွေ စာရင်းပေးထားတဲ့ အင်းပတ်ရွာက နေအိမ် ၁၅ လုံးနဲ့ ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒီနေ့ညနေပိုင်းအထိ ရွာတွေမှာ ဝင်ရောက်မွှေနှောက်နေတုန်းလို့ ဆိုပါတယ်။[DVB][Z_F]
    #Adm_9
    #z_fighter
    post-img
    Comments: 0 Reposts: 0

    Leave a comment can only registered users.